Narrative Structure: 3-Act

Narrative Structure: 3-Act

ဇာတ်လမ်းတည်ဆောက်ပုံ ၃ ဇာတ်

ပထမဆုံး ပိုစ့်အနေနဲ့ ဇာတ်ညွှန်းရေးရာတွင် အခြေခံကျသော ဇာတ်ညွှန်း တည်ဆောက်ပုံကို ဝေမျှပေးပါမယ်။ ဇာတ်လမ်းတပုဒ်ဟာ ရေးသူ၏ လူ့သဘာဝတတရပ် (သို့ ) အကြောင်းအရာတခု အပေါ်စိတ်ဝင်စားမှု လေ့လာလိုမှုနှင့် ဖော်ပြလိုမှုအပေါ်မှ စတင်လာတာပါ။ ထိုသို့ဖော်ပြရာမှာ ရံဖန်ရံခါ စဉ်းစားမှုအခက်အခဲများ ပေါ်လာလေ့ရှိသော အခါမှာ ဇာတ်လမ်းတည်ဆောက်ပုံ နည်းပညာကိုသိရှိ ထားခြင်းမှာ အမှန်အကန် အထောက်အကူ ပြုပါတယ်။

ရောဘက်မက်ကီ ရဲ့ “Story” ဆိုတဲ့စာအုပ်ထဲက ပြောပုံအရ “ဇာတ်လမ်းဟာ အခက်အခဲ (သို့) လုပ်ဆောင်မှု၊ လူ့အကျင့်စရိုက် ( သို့ ) စိတ်အနေအထား၊ စကားပြော (သို့ ) လက္ခဏာများနဲ့သာ တည်ဆောက်ထားခြင်းမဟုတ်ပါ။ စာရေးသူ ရှာဖွေတွေးတော ရမှက အဖြစ်အပျက်တွေပါ။ အဖြစ်အပျက် ( event ) တွေက အပေါ်ကဖော်ပြထားတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဇာတ်လမ်းတည်ဆောက်ပုံဟာ စိတ်ခံစားမှုနှင့် လောကအပေါ်အမြင်တခုကို ဖော်ပြရန်အတွက် ဇာတ်ဆောင်ရဲ့ အဖြစ်အပျက်များစွာ နဲ့ဖွဲ့စည်းထားပါတယ် ။

ဇာတ်လမ်းတိုင်းမှာ ဇာတ် ၃ ဇာတ်ရှိပါတယ်။ ရုပ်ရှင်တိုင်းဟာ ဇာတ်လမ်းဖြင့်တည်ဆောက် ထားခြင်းမဟုတ်ပဲ ပုံရိပ်လှုပ်ရှား ပုံစံမျိုးနဲ့ပဲ တည်ဆောက်ခြင်းလည်း ရှိပါတယ် ( အချို့သော experimental ရုပ်ရှင်များ )။ မည်သို့ပင် ဆိုသော် ဇာတ်ပြောတဲ့ Art house ၊ mainstream ၊ documentary နဲ့ experimental ရုပ်ရှင်တိုင်းမှာ အစ၊ အလယ်နှင့် အဆုံး ဆိုပြီးဇာတ် ၃ ဇာတ်ရှိပါတယ်။ အချို့သောသူတွေက ဇာတ် ၅ ဇာတ်ဆိုပြီး သုံးစွဲလေ့ရှိပါတယ်။ ထိုဇာတ် ၅ ဇာတ်မှာ ဇာတ် ၃ ဇာတ်ထဲ ဇာတ်ပြောင်း ၂ရပ်ပေါင်းဆိုထားတာပါ ။အောက်ပါပုံကို ကြည့်ပါ ။

螢幕快照 2017-05-13 下午10.04.03

ဇာတ်_၁

“တည်ရှိပုံ”ဟုခေါ်သော ဇာတ် ၁ ဟာဇာတ်ကောင်ရဲ့ အကျင့်စရိုက်နှင့် သူနေထိုင်သော ကမ္ဘာကို မိတ်ဆက်ပေးပါတယ်။ ဇာတ်ကောင် ကြုံတွေ့ရမယ့် အခက်အခဲ (သို့) အခွင့်အလမ်းကိုလဲ ဇာတ် ၁ အတွင်းထည်ဆောက်ထားပါတယ်။ ဇာတ်ကောင်က ထိုအခက်အခဲကို တုန့်ပြန်ပုံကို ချမှတ်ထားသော ဆုံးဖြတ်ချက် (သို့) ရှောင်လွှဲပုံတို့ကိုလည်း ဇာတ် ၁ အတွင်းပါဝင် ပါတယ်။ ထို့ကြောင့် ဇာတ် ၁သည် ဇာတ်အဖွင့် “တည်ရှိပုံ” ၊ ပထမ ဇာတ်ပြောင်းနှင့် ထိုဇာတ်ပြောင်းကို တုန့်ပြန်ပုံနှင့် ဖွဲ့စည်းထားပါသည်။ ဇာတ်လမ်းရှည် ၁ နာရီခွဲစာမှာတော့ ဇာတ် ၁ဟာ ဇာတ်ချိန် ၃၀ ရာခိုင်နှုန်း ( ၂၅ မိနစ်စာ ) နေရာယူလေ့ရှိသည်။

ဒါရိုက်တာ ဂျိမ်းကင်မရွန်း ရိုက်ကူးသော “Titanic” (တိုက်တန်းနစ်) ရုပ်ရှင်ကားမှာ “တည်ရှိပုံ”ဟာ ဂျက် Jack (ဂျက် ) နဲ့ Rose  (ရိုစ့် ) လူနေမှုအဆင့်အတန်း ကွဲပြားပုံနှင့် ချစ်ကျွမ်းဝင်ပုံတို့ ဖြစ်ပါတယ်။ ဒါရိုက်တာ ၀န်ခါးဝေ ( Wong Kar Wai) ရိုက်ကူးသော “ In the mood for love” ရုပ်ရှင်ကားမှာ  Mr Chow နှင့် Mrs Su တို့ရဲ့ဟောင်ကောင်မြို့လမ်းမ ကျဉ်းလေးတွေကြား အထီးကျန်မှုနှင့် ထိုသူနှစ်ဦးတို့ ဖြတ်သွားဖြတ်လာ တွေ့ဆုံမှု ပုံရိပ်တွေကို ပထမဇာတ်မှာတည်ဆောက်ထားပါတယ် ။ ဒါရိုက်တာ အဲဖရက် ဟစ်ရ်ကော့ဖ် ( Alfred Hitchock ) ရိုက်ကူးသော “Psycho” ဆိုတဲ့ရုပ်ရှင်မှာ မာရီယွန် ( Marion ) က သူမသူဌေး၏ ပိုက်ဆံကို ခိုးယူကာ Bates ဟိုတယ်သို့ ထွက်ပြေးပုံမှာ  ဇာတ် တည်ရှိပုံ ဖြစ်ပါတယ်။

ဇာတ်ပြော ၁ အပြီးတွင် ပထမဇာတ်အပြောင်းဖြစ်သော incident အဖြစ်အပျက်အစ ပေါ်ပေါက်လာပါတယ်။ ပထမဇာတ်အပြောင်းမှာ အဘယ့်ကြောင့် အဓိကကျသော အချက်ဖြစ်ရသည်ဆိုသည်မှာ ဇာတ်ကောင်၏ အဖြစ်အပျက်ကို တုံြ့ပန်ပုံ နှင့် ထိုဆုံးဖြတ်ချက်မှ ရရှိလာသော ရလာဒ်တို့ကို ဖော်ကျူးသောကြောင့် ဖြစ်သည်။ ဇာတ်ကောင်မှာ ထို အဖြစ်အပျက်ဆိုး (သို့ ) အခွင့်အရေးကို တုံြ့ပန်သည်ဖြစ်စေ ရှောင်လွှဲသည် ဖြစ်စေ သူ၏ဆုံးဖြတ်ချက်ရလာဒ်ကို ရင်ဆိုင်ရမည် ဖြစ်သည်။

“Titanic” တွင် အဖြစ်အပျက်အစ ဟာ ရေခဲတုံးကို သင်္ဘောမှ မတော်တဆ ၀င်တိုက်မိသော အဖြစ်ဖြစ်ပါသည်။ “In the love for mood “ တွင်မူ Mr Chou က

Mrs Su အား သု့အိမ်ကိုဖိတ်ခေါ်အကူညီတောင်ခြင်းဖြစ်သည်။ “Psycho” ရုပ်ရှင်မှာတော့ ထူးခြားစွာ ပထမဇာတ်ပြောင်းမှာ ဇာတ်ဆောင်ဟုထင်ရသော မာရီယွန် ရေချိုးခန်းထဲတွင် သတ်ခံထိခြင်းဖြစ်သည်။ Hitchcock ဟာဇာတ် တည်ရှိပုံကို ဇာတ်ပြောင်းသဏ္ဍန်ဖြင့် လှည့်စားထားပါတယ်။ ဇာတ်လမ်းတည်ဆောက်ပုံ ကိုပိုင်ပိုင်နိုင်နိုင် ကျင့်သုံးထားခြင်းဖြစ်ပါတယ်။

မှတ်ထားရမယ့် အချက်တချက်ကတော့ “အဖြစ်အပျက်အစ  “ မှာ မောင်အောင်နှင့် မောင်ကောင်းတို့မှာ သူငယ်ချင်းတွေ ဖြစ်ကြတယ်၊ တနေ့ကြတော့ မောင်အောင်နှင့် မောင်ကောင်းတို့ အအေးသောက်ပြီး သူတို့ရဲ့ တနေ့တာအကြောင်းပြောကြတယ် ကဲ့သိုသော အဖြစ်အပျက်မျိုးမဟုတ်ပါ။ အဖြစ်အပျက်အစ သည်ဇာတ်ကောင်ရဲ့ စိတ်ဖိစည်းမှု၊ အကြောက်တရားနှင့် လိုအင်ဆန္ဒတို့ကို ဖော်ကျူးနိုင်တဲ့ အားကောင်းသော အဖြစ်အပျက်ဖြစ်ရပါမည်။ ထိုအဖြစ်အပျက် မရှိပါက ဇာတ်လမ်းဟူသည်မရှိပါ။

ဇာတ်_၂

ဇာတ် ၂ တွင် ဇာတ်ကောင်မှာ အဖြစ်အပျက်အစ ကိုတုံ့ပြန်မှုမှ ရရှိသော အဆိုးအကောင်း (သို့) အဖြစ်အပျက်အစ ကြောင့်ဖြစ်ပေါ်လာသော ရလာဒ်အဆိုး အကောင်းတို့ကို ကြုံတွေ့ရပါမည်။ ထိုကြောင့် ဇာတ် ၂ အား ရင်ဆိုင်မှု ဟုခေါ်ဆိုနိုင်ပါသည်။ ဒီဇာတ်ဟာ အဓိက ကြည့်ရှုရမည့် အရှည်ဆုံးဇာတ် ဖြစ်ပြီး ရုပ်ရှင်ချိန်၏ ၅၅ ရာခိုင်နှုန်စာ ( မိနစ် ၅၀ စာ) နေရာယူလေ့ရှိပါသည်။ ဒီဇာတ်မှာ အဖြစ်အပျက်တခုတင် မကပဲ အဖြစ်အပျက်များစွာနှင့် ဇာတ်လမ်း၏ သဏ္ဍန်ကို တည်ဆောက်ထားခြင်းဖြစ်သဖြင့် အရှည်လျားဆုံး ဇာတ်ဖြစ်သော်လည်း စိတ်ဝင်စားဖွယ် အရေးပါသော ဇာတ်ဖြစ်သည်။

“Titanic” တွင် ဇာတ် ၂ မှာ ဂျက်နှင့်ရိုစ့် တို့သင်္ဘော ပျက်ခါနီး အတူအသက်ရှင်ရန် ကြိုးပမ်းပုံ ဖြစ်သည်။  “In the love for mood “ တွင်မူ Mr Chou က

Mrs Su တို့ရဲ့ ကြပ်မတ်သော ၁၉ ၆၀ ဟောင်ကောင်ပတ်ဝန်းကျင်တွင် ချစ်ကျွမ်းဝင်လိုသော ဆန္ဒဖြစ်သည်။ “Psycho” တွင်မူ မာရီယွန်၏ ရည်းစား၊ အစ်မနှင့် ရဲတို့က မာရီယွန် အသတ်ခံရမှုအား စုံစမ်းပုံဖြစ်သည်။

ဇာတ် ၂ ၏အလယ်ဇာတ်ကျောမှာတော့ တခါတရံ ဇာတ်လယ်နောက်ပြန် ဟူ၍တည်ရှိတတ်သည်။ ထို ဇာတ်လယ်နောက်ပြန် မှာ ဇာတ်ကောင်တို့၏ ပထမဇာတ်ပြောင်းမှ ထွက်ပေါ်လာသော ဆန္ဒဖြည့်ဆည်းခံနည်း ဟန့်တာရုံပေါ်တတ်သော ဇာတ်ပြောင်းဖြစ်သည်။   ဤဇာတ်ပြောင်းတိုးလာပါက ဇာတ် ၅ ဇာတ်အား အထက်ပါရှင်းပြပုံ နည်းတူ ဇာတ်၆ ဇာတ်သို့ ပြောင်းလဲပေးပါသည်။

ဇာတ် ၃ ဇာတ် အပေါ်အစိတ်အပိုင်း မည်သို့မျှ ပိုင်းခြားလိုသမျှ ပိုင်းခြားနိုင်ပါသည်။ “Titanic” တွင် ဇာတ်အလယ်အနောက်ပြန်မှာ ရိုစ့်က အသက်ကယ်လှေပေါ်သို့ တက်ပြီးကာမှ ဂျက်အားခွဲရမည်ကို စိုးရိမ်ကာ လှေပေါ်မှ ပြန်ဆင်းခဲ့ပုံဖြစ်သည်။ “In the mood for love “  တွင်မူ Mr Chow ကစင်ကာပူသို့ အလုပ်ကိစ္စဖြင့် သွားရခြင်းဖြစ်သည်။ “Psycho”  တွင်မူ မိခင် Norma Bates မှာ Bates ဟိုတယ်တွင် နေထိုင်ခြင်းမရှိဘဲ သေဆုံးနေပြီကို သိရှိရခြင်းဖြစ်သည်။

ဇာတ် ၂ ရဲ့ အဆုံးမှာတော့ အားလုံးဆုံးရှု့းသွားသော ဒုတိယဇာတ်ပြောင်း (သို့ ) crisis နှင့်ဖွဲ့စည်းထားပါသည်။ ထိုအချိန်မှာ ဇာတ် ၁ မှာပေါ်ထွန်းလာသော ဇာတ်ကောင်၏ ဆန္ဒ (သို့) မသိစိတ်၏ တမ်းတမှုတို့က မဖြည့်ဆည်းနိုင်ခဲ့သော အချိန် ဖြစ်ပါသည်။ တစုံတခုသော အဖြစ်အပျက်မှာ ဇာတ်ကောင်ကို ဆုံးဖြတ်ချက်ချစေ၍ ထိုအလုပ်အကိုင်မှာ ဇာတ်ကောင်၏ ဆန္ဒကို ဆွတ်ခူးရန် ပိုမိုခက်ခဲသော အဖြစ်အပျက်ကို ဖြစ်စေတတ်သည်။ “Titanic” တွင် ဇာတ်ပြောင်း ၂ မှာ သင်္ဘောတခြမ်း ကျိုးပဲ့ကာ စတင်နစ်မြှုပ်ခြင်း ဖြစ်သည်။ “In the mood for love” တွင်မူ  Mrs Suက  Mr Chow ရှိရာ စင်ကာပူကို လိုက်သွားခြင်း ဖြစ်သည်။ “Psycho” တွင်ကား မာရီယွန်၏ အစ်မနှင့် စုံထောက်တို့ Bates ဟိုတယ်သို့ သွားရောက်ကာ စုံစမ်းခြင်းဖြစ်သည်။

ဇာတ် ၁ ၏အဆုံးကဲ့သို့ ဇာတ် ၂ ၏ အဆုံးမှာလည်း ဇာတ်ပြောင်း ၂ တို့အား တုံ့ပြန်ပုံ (သို့) ရလာဒ်နှင့် ဆုံးပါသည်။ ဇာတ်ကောင်ဟာ ဒုတိယဇာတ်ပြောင်းကို တုံ့ပြန်ရာတွင် ကျရှုံးလျှင် ( Titanic တွင်ဂျက်၏သေဆုံးမှု  In the mood for love တွင်ထိုသူ ၂ဦး၏အလွဲ )ထိုဇာတ်မှာ အားလုံးဆုံးရှုံ့းခြင်းရသကို ခံစားရပါမည်။ အကယ်၍ ဒုတိယဇာတ်ပြောင်းကို တုံ့ပြန်ရာတွင် ဇာတ်ကောင်အနိုင်ရရှိလျှင် ထိုဇာတ်အား သူရဲကောင်းပုံပြင် ဇာတ်ဟုခေါ်ဆို နိုင်ပါသည်( Disney ရုပ်ရှင် Moana  Psycho  တွင် Norma Bates အားအနိုင်ရရှိမှု ) ။

in-the-mood-for-love-5Titanic_breaks_in_halfNormaBates_Dummy

ဇာတ် ၃

ဇာတ် ၃ ကို အထွတ်အထိပ် (သို့) ဖြေရှင်းချက် ဟူ၍ ခေါ်နိုင်သည်။ ဇာတ်ကောင်က သူ၏ ဆုံးရှုံးမှုအပေါ် တုံ့ပြန်ပုံ ၊ သူ၏ ဘ၀နှင့် ဆက်လက်ရှင်သန်ပုံ၊ ဇာတ်ပြောင်း ၁ မှ ပေါ်ပေါက်ခဲ့သော မေးခွန်းအား ဖြေရှင်းနိုင်ပုံ ၊ လျို့ဝှက်ချက်၏ အဖြေကို ရှာတွေ့နိုင်ပုံ (သို့) ဇာတ်ကောင်နေသော ကမ္ဘာကို ကယ်တင်နိုင်ပုံတို့ကို ပြလေ့ရှိသည်။ ပို၍ အကောင်းလက္ခဏာရှိသော ပို၍ ပြဇာတ်အရှိန်မြင့်မားသော ဟောလိဝုဒ်ရုပ်ရှင်ကားတွင်မူ ဇာတ်ကောင်များမှာ အားမလျော့ပဲ ပထမအကြိမ် အရှုံ့းကို ဒုတိယအကြီမ် ပြန်လည်အားထုတ်ကာ အနိုင်ယူလေ့ရှိသည်။ ပို၍ ဇာတ်ငြိမ်သော ပို၍ သဘာဝဆန်သော ရုပ်ရှင်များတွင်မူ ဇာတ်ကောင်များမှာ သူတို့၏ ဆုံးရှုံးမှု စိတ်ပိုင်းဆိုင်ရာ မြင့်မားသော ကိုယ်ရေးကိုယ်တာ ထိုးထွင်းသိမြင်စွမ်း သောဥာဏ်တို့ကို ရတတ်သည်။ အချို့သော အဆိုးလက္ခဏာဘက်ရောက်သော ရုပ်ရှင်များတွင်မူ ဇာတ်ကောင်မှာ သူ လုံးဝမလိုလားသော အခြေအနေဆိုး တခုသို့ ရောက်ရှိတတ်သည်။ ( Dancer in th dark  ရုပ်ရှင်တွင် Thelma မှာသေဒဏ်ခံခဲ့၇ပုံ ) ဇာတ် ၃ အပြီးတွင် ဇာတ်မှာ စက်ဝိုင်းလို အဆုံးသတ်မှုကို ပိတ်နိုင်ရပါမည်။ ဇာတ်လမ်း၏ အဆုံးမှာ အဟ ဖြစ်လျှင်လည်း ( open ending )အပေါ်မှ ဇာတ်ပြောင်းများ မေးခဲ့တဲ့ မေးခွန်းတွေကို ဖြေရှင်းထားခြင်း ရှိနိုင် ရပါမည်။ ဇာတ် ၃ မှာ ဇာတ် အားလုံးထဲ အတိုဆုံးဖြစ်လေ့ရှိပြီး ဇာတ်ချိန် ၁၅ ရာခိုင်နှုန်း ( ၁၀ မိနစ်စာ ) နေရာယူလေ့ရှိသည်။

ဇာတ်ရဲ့ အထွတ်အထိပ်ကာလမှာ ဇာတ်ရဲ့အဓိက ကျသော ဇာတ်ကြော၏ တင်းအားကို ဇာတ်ရှိန်မြှင့်ချိန်တွင် ချပြလေ့ရှိပြီး ဇာတ်ကောင်အား စိတ်သစ်လူသစ်ဖြင့် တည်ရှိစေသည်။ “Titanic”  တွင် ဇာတ်၏ အထွတ်အထိပ်မှာ ရိုစ့်က ဂျက်၏ သေဆုံးမှုကို ဖောင်ပေါ်မှာ မြင်တွေ့ရချိန်ဖြစ်သည်။ “In the mood for love “ တွင် Mr Chow က သူအရင်နေထိုင်ခဲ့သော နေရာသို့ နှစ်ကာလများစွာ ကြာသောအခါ သွားရောက်ကာ Mrs Su နဲ့ ကွဲခဲ့ပုံဖြစ်သည်။ “Psycho”  တွင် အထွတ်အထိပ်မှာ Norma Bates ၏စိတ်ရောဂါ အခြေအနေကို ပရိတ်သတ်တို့ သိရှိရတဲ့ ကာလဖြစ်သည်။

အများအားဖြင့် ရုပ်ရှင်တွေဟာ နောက်ဆက်တွဲအခန်းနှင့် အဆုံးသတ်လေ့ရှိပါသည်။ ထိုဇာတ်ခန်းများတွင်မူ ဇာတ်ကောင်က စိတ်သစ်လူသစ် (သို့) ကမ္ဘာသစ်တွင် ဆက်လက်နေထိုင်သွားပုံကို ဖော်ပြပါသည်။ တချို့သော ရုပ်ရှင်တွင်မူ နောက်ဆုံးဇာတ်ခန်းမှာ ဇာတ်ကောင်၏ ဆုံးရှုံးသွားသောအိပ်မက်ကို ပြလေ့ရှိသည်။ ထိုဇာတ်မှာ ဇာတ်ငြိမ်ဖြစ်သော်လည်း ကောင်းမွန်စွာ အသုံးချတတ်လျှင် ဇာတ်လမ်းတခုလုံး၏ စိတ်ကျေနပ်ဖွယ်နှင့် စဉ်းစားတွေးတောဖွယ် ဇာတ်ခန်းဖြစ်သည်။

“Titanic” တွင် ထိုအခန်းမှာ အိပ်မက်ဆန်ဆန် ဇာတ်ခန်းဖြစ်၍  ဂျက်နှင့် ရိုစ့်တို့ သဘောင်္လှေကားပေါ်မှ အတူဆင်းလာကာ ထိုသဘောင်္ပေါ်မှ သေဆုံးသွားသော ခရီးသည်များ လက်ခုပ်တီးကြပုံ ဖြစ်သည်။

In the mood for loveတွင်  Mr Chow က  Angkor Wat သို့သွားပြီး သစ်ပင်ခေါင်းပေါက်ထဲ သူ၏ လျို့ဝှက်ချက်ကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ Psycho တွင်မူ မိခင် Norman Bates သူမ ယင်ကောင်တစ်ကောင်ကိုမျှ မထိခိုက်ပါဘူးဟု Norman Bates အားတိုးတိုးလေးပြောသော နောက်ဆုံးခန်းဖြစ်သည်။ ဒီလိုမျိုး ဆုံးရှုံးသွားသော အိပ်မက် ( သို့ ) ကိုယ့်ကိုကိုယ် ပြန်လည်တွေ့ရှိမှုကို ပြသော နောက်ဆုံးဇာတ်ခန်းများ သည် ဇာတ်ကောင်အား သူ၏ ဆန္ဒရည်ရွယ်ချက်မပြည့်စေသော်လည်း သူအား စိတ်ကျေနပ်မှု စိတ်ခွန်အားပေးနိုင်သော ဇာတ်မျိုါ်ဖြစ်သည်။ ထိုအပြုမျိုးဆောင်သော ပြကွက်မျိုးဟာ ရံဖန်ရံခါ စကားလုံးဖြစ်ချင်ဖြစ်မည်၊ ရုပ်ဘောင်အတွင်းမှာ ပြသော အရာဝတ္တုတခု ဖြစ်ချင်ဖြစ်မည် ( Citizen Koor ရုပ်ရှင်ထဲက rosebud ) ( သို့ ) အကြည့်တချက် နှင့် ကိုယ်ဟန်လည်း ဖြစ်ချင်ဖြစ်မည်။ ( Berry Jenlans  ရဲ့ Moonlight ရုပ်ရှင် ၊ Francois Trauffaut ရဲ့ 400 Blows )။

main-qimg-437558e828eea9a0ef1e9f8b510ae63emaxresdefault-4400-blows-1

Moonlight ရုပ်ရှင်မှာ ဇာတ်၁ ဇာတ်၂ ဇာတ်၃ တို့ကို ဇာတ်ကောင်၏ စိတ်အပြောင်းအလဲ နှင့် အသက်အပြောင်းအလဲတို့ဖြင့် အပိုင်းလိုက် ခွဲခြားထားပါသည်။

螢幕快照 2017-05-13 下午10.04.21

ထိုသို့ ဇာတ်တည်ဆောက်ပုံမှာ ဇာတ်ပြောဇာတ်လမ်း တည်ဆောက်ပုံ သာမန်ရိုးကျမဟုတ်သော်လည်း ဇာတ်၃ ဇာတ်ကို အမြော်အမြင်ရှိစွာ တည်ဆောက်ထားပါသည်။

သင်၏ ရုပ်ရှင်ကို တီဗီစီးရီးလို စဉ်းစားကြည့်ပြီး ဇာတ်၃ ဇာတ်ကို ကြေညာဝင်ရန် ပိုင်းခြားသလို ပိုင်းခြားပါ။ ကြည့်ရှုသူကို ဇာတ်အရှိန်မြင့်ချိန်မှာ ဇာတ်လမ်းကို ပိုမိုသိရှိလိုသော စိတ်၊ ဇာတ်ကောင်ကို စာနာသဘောပေါက်သောစိတ်၊ ဇာတ်ကောင်အား ကောင်းမွန်ရာ အနာဂါတ်သို့ ရောက်စေလိုသော စိတ်တို့ဖြင့် ဟန့်တား အသက်သွင်းကာ ဇာတ်ကို ဖြတ်ပါ။ ဒီလိုမှ ဇာတ်တခုမှ တခုကြား ထိုသို့ စိတ်ဆန္ဒမပေးစွမ်းနိုင်လျှင်  သင်၏ဇာတ်မှာ ဇာတ်လမ်းတည်ဆောက်ပုံ မခိုင်မာခြင်း၊ ဇာတ်ရှိန်မရှိခြင်းတို့ကြောင့် ဖြစ်သည် ။ အခု ဆိုလိုရင်းမှာ ဇာတ်လမ်းမှာ အင်မတန်မှ ဇာတ်ရှိန် မြှင့်တင်ရန် လိုအပ်ခြင်း၊၊ ဇာတ်ကြောကို မလိုအပ်ပဲ ပုံကြီးချဲ့ကာ ဇာတ်နာအောင် လုပ်စေလိုခြင်း လုံးဝမဟုတ်ပါ။ ခုလို ဆိုလိုရခြင်းမှာ ကြည့်ရှုသူတို့အား ဇာတ်လမ်းနှင့် ဇာတ်ကောင်တွင် စိတ်နှစ်ကိုယ်နှစ် ဖြစ်စေကာ ဇာတ်အပြီးတိုင် ဘာဆက်ဖြစ်မည်ဟူ၍ မျှော်လင့်ချက်ဖြင့် အသက်သွင်းစေလိုခြင်း ဖြစ်သည်။

သင်ဟာ ဇာတ်လမ်းရှည်ရေးသားတော့မည် ဆိုလျှင် ၃ဇာတ် ဇာတ်လမ်းတည်ဆောက်ပုံကို မှီငြမ်း၍ သင်၏ ဇာတ်ညွန်းအကြမ်းကို စတင်ရေးစေလိုပါတယ် ။ သင်ဟာ ဒီနည်းစနစ်အား စာအုပ်နှင့် စာမူကို မှီငြမ်းခြင်းမပြုပဲ ရေးလျှင်တောင် သင်ရေးသားပြီးသော ဇာတ်မှာ အခုလို ဇာတ်အခွဲတွေ ပါရှိပြီးသား ဖြစ်မည်ကို တွေ့ရလိမ့်မည်ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သင်ဟာ သင့်ဇာတ်လမ်း၏ ဇာတ်၃ ဇာတ်နှင့် ဇာတ်အခွဲ ၂ ခုတို့ကို ခွဲခြားစိတ်ဖြာနိုင်ရပါမည်။ သို့မှသာ သင်၏ဇာတ်လမ်းကို စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲ နိုင်ပါသည်။ ဇာတ်ပြောသော ဇာတ်လမ်းအားလုံး ဒီနည်းစနစ်ကို အသုံးပြုကြပါသည်။ အစဉ်အတိုင်းမဟုတ်ပဲ အရှေ့ အလယ် အနောက်တို့ကို နေရာရွေ့ပြောင်းထားသော ဇာတ်တို့သည်လည်း ဒီနည်းစနစ်ကို အသုံးပြုပါသည်။ သို့သော် တမူထူးခြားသော အစဉ်အတိုင်းမဟုတ်သောဇာတ် ( non linear ) ရုပ်ရှင်တို့ကို နောက်စာမူများတွင် ဖော်ပြသွားပါမည်။

သင်၏ အတွေးအမြင်သစ်ကို ဖော်ဆောင်သော ဇာတ်မပါသော ( avant-garde ) ရုပ်ရှင်တွေ ၇ိုက်လျှင် ဒီစနစ်ကို မှတ်ထားစရာ မလိုပါ။ သို့သော် သင်ရိုက်လိုသော ရုပ်ရှင်မှာ အသံနှင့် အရုပ် အစီအစဉ်တကျမရှိ လှုပ်ရှားပုံတို့ကိုသာ ပြလိုသော စမ်းသပ်ရုပ်ရှင် ( သို့ ) ဗီဒီယို အနုပညာ ဖြစ်လျှင် ဒီနည်းစနစ်ကို သုံးစရာမလိုပါ ။ ၃ဇာတ် ဇာတ်ပြောတည်ဆောက်ပုံဟာ သင်ပြောဆိုလိုသော အကြောင်းအရာနှင့် ခံစားချက်ကို ဇာတ်လမ်းဖြစ်အောင် ထိထိရောက်ရောက်နှင့် လှလှပပ ပုံသွင်းပေးမည်ဟု ကျမယုံကြည်ပါသည်။

in_the_mood_for_love3-960x0-c-default

 

မိုးမြတ်မေဇာခြည်

 

Narrative Structure: 3-Act

For the first post, I would like to start with a very technical method of screenplay writing; the story structure. A story always start with a part of humanity that writers want to explore more and express but if they get stuck to how to express it, having a certified method can effectively guide them through their imaginative writing.

To quote Robert Mckee from his book “Story”, “A film isn’t just moments of conflict or activity, personality or emotionality, witty talk or symbols. What the writer seeks are events, for an event contains all the above and more. Structure is a selection of events from the characters’ life stories that are composed into a strategic sequence to arouse specific emotions and to express a specific view of life.”

Every story has 3 acts. Not all films are composed of stories as some are purely a graphical manifestation on the screen (some experimental films). Nonetheless, every art-house, mainstream, documentaries and experimental films that tell a story have beginning, middle and end.
Some people like to coin that every story revolves around 5-Act structure. That is in fact, an addition of the 2 plot points that divided the acts into 3. (see fig below)

Screen Shot 2017-05-06 at 5.33.05 PM

“Act-1”

Act-1 is called “The Set-up” as it establishes the main character or characters and the world they live in. It also presents an opportunity or a difficulty in the character(s) life that he/she must make a decision in response or avoids it which in fact leads to the consequences of that decision. Therefore, Act-1 consists of the opening scenes and the inciting incident and the character(s) reaction to it (1st plot point). In a featured film of 90 minutes, the 1st Act occupies around 30% of the screen time (around 25 minutes).

The set-up in “Titanic” by James Cameron is the differences in the social classes of Jack and Rose and the romantic initiation between them. In “In the Mood for love” by Wong Kar Wai, it is the loneliness of both characters in the intimate Hongkong streets and how they continue to intersect with each other in everyday encounters. In Alfred Hitchcock’s “Psycho”, Marion stole all the money from her company and fled away to the motel.

Untitled-1

By the end of Act-1, there is an inciting incident which is the 1st plot point. This is the core of the story as it presents decisions and consequences that a character(s) has to go through throughout the story. The protagonist is uncertain whether or not to respond to this opportunity or a negative event, but either if he responds in any decisions or does not respond at all, he must face all the consequences of his action or  his escape.

In “Titanic”, the inciting incident is a negative event, the ship accidentally hits the iceberg. In “In the mood for love”, it is when Mr. Chow invites Mrs. Su over his house to help with his work. In “Psycho”, it is when Marion got killed by Norman Bates in “the shower scene”. The surprise story structure of Psycho makes the set-up seems like an inciting incident because the story kills what it seems like to be the main protagonist in the inciting incident. Hitchcock’s vision is the form of his mastery on the craft.

Remember, the inciting incident is not an event such as, “Character A and B are friends. One day, they go out to buy a drink and talk about their days.” It is an event that brings all the tensions, passions and fears of the character that has to be displayed through his or her choices in response to the pressure of the event. Without the inciting incident, there is no story.

“Act-2”

In Act-2, the protagonist must face the consequences of the actions taken (whether physically or mentally) in accordance to the inciting incident or face the impacts of the incident. Therefore, Act-2 is called “The Confrontation”. It is the main journey we have to follow and it occupies the longest duration in a featured film which is about 55% of the total length (around 50 minutes). It can usually be the less engaging but the most suspenseful part because there is not just one dramatic event that occurs, but multiple dimensions, tensions and conflicts that shape the story’s journey.

In “Titanic”, the Act-2 is when Jack and Rose try to escape the catastrophe and survive together. In “In the mood for love”, the 2nd act is the act of sexual tension between Mr. Chow and Ms. Su in the socially conservative 1960s hong kong tension and their respective marriage. In “Psycho”, it is when Marion’s boyfriend, her sister and the private investigator’s make a visit to the Bates Motel for the investigation of Marion’s death.

Titanic_breaks_in_half Titanic

In the mid-point of Act-2, there is some kind of an element of surprise or a plot reversal. The addition of this plot-point can turn 5-act structure to 6-act structure. It is just a matter of how much definitive you want to sub-divide the 3-Act. In “Titanic”, the mid-point reversal is when Rose was about to board the boat but then jumped out from it to save Jack. In “In the mood for love”, it is when Mr Chow has to leave to Singapore for his work, hoping Ms. Su would join. In “Psycho”, it is the revelation that mother, Norma Bates, is in-fact dead and is not living at the Bates Motel. The mid-point reversal rises the stakes higher for the characters to lose their goals.

NormaBates_Dummy Psycho

By the end of 2nd act, there is usually a moment of “everything is lost” which is called “Crisis” or “The 2nd Plot Point”. It is when the desire emerged by the end of Act-1 (which can be an external goal, or an internal desire sometimes unrealized by the character) fails to meet. An event would normally happen to make the protagonist take an action by the end of Act-2 but the action he took only lead them to a more miserable hardships of his external goal or internal wish. The crisis in the Act-2, In “Titanic”, is when the ship starts sinking and broke into two parts. In “In the mood for love”, it is when Mrs Su goes to Singapore to meet Mr Chow. In “Psycho”, it is when Marion’s sister and the private investigator go into Norman Bate’s house.

in-the-mood-for-love-5 In the Mood for Love

Just like the end of Act-1, Act-2 ends with the result of the “2nd plot point” or the “Crisis”. If the protagonist fail in the 2nd plot point (when Jack dies in Titanic or Mr. Chow and Ms. Su do not meet), then Act 2 ends with all is lost moment. If Act 2 ends in a victory (which normally is a 2nd attempt of the protagonist), it is the Heroes’ movie (for eg, Disney movie Moana or Psycho when Norman Bates get arrested).

“Act-3”

Act-3, which is sometimes called “The Resolution” or “The Climax”, is how the protagonist reacts to what has been lost, how he moves on with his life, how the the mystery is solved or the world is saved. In more optimistic and dramatic Hollywood movies, the characters do not give up and try their best to win in their life again after they fail with the first attempt. In some low-key and a much more realistic movies, the characters deal with their lose in a spiritual and personal insight they gain, which occurs subtly. In some movies that tend to be even more pessimistic, the character ends up in a dystopia with what he has never wanted in life (for eg, “Dancer in the Dark”). The act must come in a full circle by the end of Act-3. Act-3 is the shortest of all acts normally occupying 15% of screen time (approximately 10 minutes).

The climax is the scene in which the main tensions of the story are brought to their most intense point and the dramatic question answered, leaving the protagonist and other characters with a new sense of who they really are. In “Titanic”, it is when Rose lie on the raft and witness Jack’s death. In “In the mood for love”, it is when Mr Chow revisits his home again after many years only to have missed his chance of meeting with her. In “Psycho”, It is when the mystery is solved.

inmood3big“In the Mood for Love”
Most of the time, films end with the “After-math” or “The Wrap-Up” of the story in which it shows how the character(s) move on with the new world or new sense of self. Sometimes, the last scene particularly normally shows a lost dream which is the most important lost of the character. In “Titanic”, it is the dream-like sequence when Rose and Jack walking down the staircase with the dead passengers of Titanic applauding them. In “In the mood for love”, Mr. Chow went to Angkor Wat and screams his secret inside the tree trunk. In “Psycho”, Mother, Norma Bates’s voice that she wouldn’t even hurt a fly appears inside Norman’s head. It makes the character’s life much more richer and full-filling even if his goal does not meet. It is a moment of catharsis which can sometimes be acted in a form of words, or a picture in the frame (the rosebud in “Citizen Kane” by Orsen Welles), or a look and gesture in “Moonlight” by Barry Jenkins and “400 Blows” by Francois Truffaut.

main-qimg-437558e828eea9a0ef1e9f8b510ae63e“Citizen Kane”

maxresdefault-4.jpg“Moonlight”

400-blows-1“400 Blows”

In “Moonlight”, the Act-1, Act-2 and Act-3 are sharply differentiated by the 3 chapters that define the character changes and the age change in the protagonist and do not respectfully follow the conventional dramatic “3-act structure”. However, it does played out the “3-Act” very wisely.

Conclusion

 

Untitled-2

Think of the film like a TV program and the act breaks like how you would add commercials in between. The add breaks should leave the audiences in tension and engagement, making them guess what is going to happen to the protagonist’s will or how the injustice will be solved. If the act breaks couldn’t do that enough, it is because the built of the act is not strong and that there is no drama. In this case, I am not talking about the over-exaggerated melodrama, but the hook to actually make the audiences sit in their seats with burning curiosity to the plot and overwhelming empathy to the character(s).

If you want to write a narrative featured film, I highly encourage you to use the 3-Act plot structure and let it guides you in your first draft. Even if you didn’t use it systemically with a book or an instructions beside you and wrote a story, I am quite certain you would be quite surprised to see the plot points played out in your script. In any cases, you should be able to dissect your own movie into the 3 act and 2 plot points (inciting incidents) so that you can adjust your own script effortlessly. All the narrative movies use this structure, even the non-linear films. However, the non-linear films juggle up the timeline and plot’s placement in the timeline to add more mystery to the film. We will talk about non-linear movies on later articles.

 

If you want to completely write an avant-garde film, sure, you don’t even need to know this plot structure at all. Only if you want to make a rhythmic movies or Video Art without beginning and the end but with random montages (moving or still images cut without continuity), you can totally forget about the 3-Act.

I hope, this 3-Act narrative structure, guides you beautifully and effectively in your craft of the story you have been wanting to tell to the world.

in_the_mood_for_love3-960x0-c-default

 

Moe Myat May Zarchi.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s