What is Art-Film?

Art film က ဘယ်လိုမျိုးလဲ ၊ သာမန်ရုပ်ရှင်နဲ့ ဘယ်လိုကွဲလဲ

Art-house film လို့ လူသိများတဲ့ art-film တွေက အများစုမကြိုက်တဲ့ ကားတွေ၊ သမာရိုးကျရုပ်ရှင်ရုံတွေမှာ ပြရင် လူလာမကြည့်တဲ့ ကားတွေမို့ လို့  Art House ခေါ်တဲ့ အနုပညာ ပြခန်းတွေ၊ ဇာတ်ရုံတွေမှာပြလို့  Art-house film လို့ ခေါ်ကြတာပါ

အဲဒါဆို Indie film ကကောဘာလဲ..
နိုင်ငံတကာမှာတော့ art/indie films တွေကို independent film company တွေကနေ ထုတ်လုပ်တာဖြစ်ပြီး၊ Mainstream/blockbuster film တွေက Big movie studio ကြီးတွေကနေ ရင်းနှီးမြှုပ်နှံတာပါ ။ မြန်မာပြည်မှာကတော့ Big movie studio လို့ ပြောပလောက်တဲ့ movie studio တွေအခုခေတ်မှာမရှိသလောက်ရှားသွားပါပြီ။ Development, production, distribution တွေလုပ်ပြီး ကိုယ်ပိုင် studio facility ရှိတဲ့ Corporation တွေပါပဲ။ မြန်မာပြည်မှာ အရင်တုန်းကတော့ A1 တို့  Burma Films တို့ ပေါ့။ Hollywood မှာတောင် ၅ ခုလောက်ပဲရှိပါတယ်။ The Big Five လို့ ခေါ်ကြတယ်။ အခုလက်ရှိ 35 လမ်းက movie company တွေအားလုံး independent ရုပ်ရှင် company တွေချည်းပါပဲ.. Technically speaking ပေါ့လေ.. Movie studio ဆိုတာက Development ကစပြီး Production နဲ့  distribution အထိလုပ်တဲ့ဟာပါ။ Production တစ်ခုထဲ လုပ်ရင်တော့ Production company ပေါ့။
သမာရိုးကျရုပ်ရှင်နဲ့ ဘာကွာလဲဆိုတော့
အဓိက ကွာတာကတော့ ဇာတ်လမ်းပါ..
ဇာတ်လမ်းပုံစံ မှာ သမာရိုးကျ (classical plot),
ဇာတ်ကွက်အနည်းငယ်သုံးပြီး တင်ဆက်ပုံအသားပေး (mini-plot)
ဇာတ်လမ်းဇာတ်ကွက်ဖြင့် ပြတာကို ဆန့် ကျင်တဲ့ . (anti-plot) ဆိုပြီးရှိပါတယ်..
အဲဒီမှာ art film က ဒုတိယနဲ့ တတိယ ပုံစံတွေနဲ့ ရိုက်တာများတယ်။ သမာရိုးကျ ဇာတ်လမ်း (classical plot ) လဲ art film မဖြစ်နိုင်ဘူးလားဆိုတော့.. ဖြစ်နိုင်ပါတယ်။ တင်ဆက်ပုံ ခပ်ဆန်းဆန်း သုံးထားပြီး ဇာတ်လမ်းကတော့ ခပ်ရိုးရိုးရိုက်ထားတဲ့ ကားတွေရှိပါတယ် ။
ဥပမာ.. the Artist ပါ.. ၂၀၁၂ motion pictures awards မှာ အော်စကာ ငါးဆုရခဲ့တဲ့ အဲဒီကားဟာ ဇတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ ။ ဒါပေမဲ့ အခုခေတ် တင်ဆက်ပုံမဟုတ်ဘဲ အသံတိတ်ခေတ်က တင်ဆက်ပုံနဲ့ ပြထားတော့ Experimentation (စမ်းသပ်မှု) သဘောပါတဲ့အတွက် art film လို့ ခေါ်လို့ ရပါတယ်။

နောက်.. art film/ mainstream film ခွဲထားတာဟာ ဈေးကွက်အရပါ..
Mainstream ပင်မရေစီးကြောင်း ရုပ်ရှင်တွေနဲ့ အကြောင်းအရာ၊ ဇာတ်လမ်း၊ တင်ပြပုံ ကွာတဲ့အတွက် ကြည့်တဲ့ ပရိတ်သတ်လဲ ကွာသွားတယ်။ Art film တွေကိုကြည့်တာက မြို့ နေလူထု၊ ဘွဲ့ ရတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ပညာရှင်အသိုင်းအ၀ိုင်းတွေကကြည့်တာများပါတယ်။ သာမာန်ပရိတ်သတ်ပမာဏနဲ့ စာရင် မပြောပလောက်ပါဘူး။ ဒါကြောင့် art film တွေက mainstream စီးပွားဖြစ်ရုပ်ရှင် တွေလောက် ကျယ်ကျယ်ပြန့် ပြန့် ဖြန့် စရာမလိုပါဘူး။ ဒါဆို art film က စီးပွားဖြစ်မဟုတ်ဘူးလားဆိုတော့ .. ဟုတ်ပါတယ်။ Art film and commercial film နှစ်မျိုးလုံးဟာ စီးပွားဖြစ်ရိုက်တာများပါတယ်။
နိုင်ငံတကာမှာ ဘယ်ရုပ်ရှင်ပဲဖြစ်ဖြစ် (ချမ်းသာလို့  ကိုယ်တိုင်ထုတ်ရိုက်တာပဲဖြစ်ဖြစ်၊ Grant ရလို့ ရိုက်တာ ပဲဖြစ်ဖြစ် ရုပ်ရှင်ရဲ့ စီးပွားရေးကဏ္ဍကတော့ ချန်ထားလို့ မရပါဘူး။ ) ရုပ်ရှင်တွေရဲ့ ကုန်ကျစရိတ်က များတော့ နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ ရုပ်ရှင်ဈေးကွက်ဟာ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ အချို့ နိုင်ငံတွေမှာ နိုင်ငံအစိုးရက ရင်းနှီးမြှုပ်နှံမှုလုပ်ပါတယ်။ သူတို့ နိုင်ငံရဲ့  Cultural Value မြှင့်တင်ဖို့ ပါ။ Film Commission တွေ၊ Film Funding တွေရှိသလို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေအတွက်လဲ Hedge Fund တို့  Film Financing Funds တို့ နဲ့  Investment firm တွေမှာ specialized area အနေနဲ့ ရင်းနှီးမြှုပ်နှံကြတယ်။ ရုပ်ရှင်ရိုက်ကူးသူ ပရော်ဖက်ရှင်နယ်တွေအနေနဲ့ လဲ ဒါဟာ တခြားအလုပ်အကိုင်တွေလိုပဲ ၀င်ငွေရတဲ့၊ ရပ်တည်လို့ ရတဲ့ အလုပ်ပါ။ Independent ရုပ်ရှင်ကုမ္ဗဏီတွေအတွက်ကလည်း ဒီဇာတ်ကားက ၀င်ငွေရမှ နောက်ထပ်ဆက်ရပ်တည်နိုင်မှာ . ဖြစ်လို့ ဒီအပိုင်းက အရေးကြီးပါတယ်။ ပရိတ်သတ်အကုန်လုံးကြိုက်တဲ့ ၊ စီးပွားရေးအရ အောင်မြင်တဲ့ art film သာဓကတွေလဲအများကြီးရှိပါတယ်။ Jean-Luc Godard ဟာ သူ့ ခေတ်မှာ commercial success အဖြစ်ဆုံး ဒါရိုက်တာပါ။ မကြာသေးခင်က သာဓကဆိုရင်တော့ Blue is the warmest colour ပေါ့။

jean-luc-godard5.jpg Jean Luc-Godard

blue-is-the-warmest-colour-is-the-film-that-made-me-1421174318Blue is the Warmest Color

ပြီးတော့ art film တွေက လေးနက်တဲ့ အကြောင်းအရာ၊တင် ပြပုံတွေပဲရှိတယ်လို့ တချို့ ကထင်နေကြတယ်။ ပေါ့ပေါ့ပါးပါးပုံစံနဲ့  artistic ဖြစ်အောင်ရိုက်ထားတာတွေရှိတာပေါ့။ Everything is Illuminated တို့  Amelie တို့  Moonrise Kingdom တို့ ကိုကြည့်ကြည့်ပါ။ ကြည်နူးစရာလေးတွေ။
ပြီးတော့ သူတို့ ဆီမှာ ပင်မရေစီးကြောင်းရုပ်ရှင်ရိုက်တဲ့သူတွေလည်း art film ရိုက်တာပါပဲ။ ခွဲခြားခွဲခြားသိပ်မလုပ်ပါဘူး။ George Lucas တို့  Steven Speilberg တို့ လဲ indie ရုပ်ရှင်တွေနဲ့ စခဲ့ကြတယ်။ Martin Scorsese ဆိုလဲ Tentpole film တွေရိုက်သလို၊ art film တွေလဲရိုက်တာပါပဲ။ Tentpole film ဆိုတာကတော့ လူကြီး၊လူငယ်မရွေး၊ ပရိတ်သတ်မရွေးကြည့်လို့ ရအောင် လုပ်ထားတဲ့ mainstream/blockbuster ကား တွေပါ။

dfa5c4e2801b00074c90b416e7b7c540 Moonrise Kingdom

မြန်မာပြည်မှာတော့ အများကြည့် ပင်မရေးစီးကြောင်းရုပ်ရှင်ဈေးကွက်ပဲ ရှိပါသေးတယ်
Art film ဈေးကွက်ဖြစ်လာဖို့ ဆိုတာ တော်တော်ကြိုးစားရဦးမှာပါ
အဲဒီလိုဖြစ်ဖို့ အတွက် တစ်ဦးတစ်ယောက်ထဲကောင်းလို့ ၊ရှိလို့  မရပါဘူး။ ပရိတ်သတ်ကို အရသာအသစ်တစ်ခုပေးချင်တဲ့ စဉ်းစားစရာတွေ ပေးချင်တဲ့ ရုပ်ရှင်သမားတွေ အများကြီးပေါ်ထွက်လာမှ ဈေးကွက်တစ်ရပ် အဖြစ်ပေါ်ထွက်လာမှာဖြစ်ပါတယ်။
လေးစားစွာဖြင့်

Kriz Channyein

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s