French New Wave (The Nouvelle Vague)

 

New Wave Film အကြောင်း တစ်စေ့တစ်စောင်း

1.French New Wave(the Nouvelle Vague)ဆိုတာ ဘာလဲ

The Nouvelle Vague: A Beginner’s Guide

French New Waveနဲ့ သက်ဆိုင်တဲ့ directorတွေ(Francois Truffaut, Jean-Luc Godard, Claude Chabrol, Eric Rohmer, Jacques
Rivette, Louis Malle, Alain Resnais, Agnes Varda ,Jacques Demy အစရှိသဖြင့်) ရဲ့ ရုပ်ရှင်တွေ ရာပေါင်းများစွာ ရှိပါတယ်။New
Waveလို့သတ်မှတ်နိုင်တဲ့ filmmakerတွေ၊ အဲဒီmovementရဲ့ လွှမ်းမိုးမှု ခံရတဲ့ သူတွေ၇ဲ့ ရုပ်ရှင်တွေပါပေါင်း၇င် ထောင်ပေါင်းများစွာထိ
၇ှိလာနိုင်ပါတယ်။
New Waveကို နားလည်သိ၇ှိအောင် လုပ်မယ့် အဲဒီmovementနဲ့ စိမ်းနေသေးတဲ့ သူတွေ(ပထမဦးဆုံး စလေ့လာမဲ့ သူတွေ) အတွက်
လန့်စရာ အရေအတွက်ပါ။ဲဒါကြောင့ို့ ဒီမိတ်ဆက်လေးဟာ French New Waveနဲ့ ပတ်သတ်နေတဲ့ ထူးခြားတဲ့ လက္ခဏာတွေ၊ယေဘုယျ
အကြောင်းအရာတွေကို အကျဉ်းချုပ် ခြုံငုံေ၇းထားခြင်း ဖြစ်ပါတယ်။နောက်ပြီး ဘယ်နေ၇ာက စလေ့လာ၇မယ်ဆိုတာနဲ့ New Waveကို
သတ်မှတ်ထင်ရှားစေတဲ့ မဖြစ်မနေကြည့်ရမဲ့ must seeရုပ်ရှင်ဇာတ်ကားများကိုလဲ ပြောပြသွားမှာ ဖြစ်ပါတယ်။

french-new-wave-directors

French New Wave Film Directors

နှစ် ၅၀ကြာပြီးသည့် နှောက်တောင်မှ ဘာလို့ New Waveဟာ အရေးပါနေဆဲ ဖြစ်နေရသလဲ

New Wave(ပြင်သစ်လိုဆို “Nouvelle Vague”လို့ ခေါ်တဲ့) directorတွေ သူတို့ရဲ့ တော်လှန်တဲ့ နည်းသစ်တွေ၊ပြသပုံ အသစ်တွေနဲ့
နိုင်ငံတကာ ရုပ်ရှင်လောကကို အံ့သြတုန်လှုပ်စေခဲ့တာ ရာစုနှစ်တ၀က်ကျော်ခဲ့ပါပြီ။ New Waveကိုယ်တိုင်ကိုက အသစ်မဟုတ်တော့ပေမဲ့ New Wave directorတွေနဲ့ သူတို့ရဲ့ ရုပ်ရှင်တွေဟာ အရေးပါနေဆဲဖြစ်ပါတယ်။သူတို့ဟာ မျက်မှောက်ခေတ်alternative cinemaရဲ့ ဖခင်တွေဖြစ်သလို
ကမ္ဘာတလွှမ်းက ရုပ်ရှင်တွေ အပေါ်မှာလဲ ကြီးကြီးမားမား ဆက်လက် သြဇာလွှမ်းမိုးနေဦးမှာ ဖြစ်ပါတယ်။Nouvelle Vagueသာ မရှိခဲ့ရင် Scorsese, Soderbergh, or Tarantino(or Wenders, or Oshima, or Bertolucci)စတဲ့ ဒါရိုက်တာတွေ ရှိလာခဲ့မှာ မဟုတ်ပါဘူး။(ဒါမှမဟုတ် ယခုလို ပုံစံမျိုးနဲ့
သိသိသာသာကွဲပြားနေပါလိမ့်မယ်)
Nouvelle Vague directorsတွေနဲ့ အခြားနိုင်ငံတွေမှ သူတို့နဲ့ အမြင်တူ ခေတ်ပြိုင်ဒါရိုက်တာတွေဟာ ရှုပ်ထွေးတဲ့ အိုင်ဒီယာတွေကို
ဖော်ပြပေးနိုင်တဲ့ နည်းပညာအသစ်တွေ၊ဆန်းသစ်တဲ့ ဇာတ်ကြောင်းပြောမှုတွေ ပြီးတော့ တချိန်တည်းမှာပဲ ရှင်းရှင်းလင်းလင်းနဲ့
စိတ်ဝင်စားဆွဲဆောင်စေနိုင်တဲ့ ရုပ်ရှင်ဆိုင်ရာstyleအသစ်တခုကို ဖန်တီးခဲ့ပါတယ်။အောင်မြင်ကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖန်တီးဖို့
ကြီးကျယ်ခမ်းနားတဲ့ စတူဒီယိုကြီးတွေ မလိုဘူးဆိုတာကို သက်သေပြခဲ့တာက အရေးပါတဲ့ အချက်ဖြစ်ခဲ့ပါတယ်။
စီးပွားရေးဆန်ဆန်ထုတ်ကုန်တခုအနေထက် အနုပညာ ကိုယ်ပိုင်အမြင် စိတ်ကူးစိတ်သန်းတွေကို အလေးပေးဖော်ပြခြင်းအားဖြင့် ကမ္ဘာတလွှမ်းက
အခြားသူတွေအတွက် စံပြဥပမာဖြစ်ခဲ့ပါတယ်။သူတို့ဟာ မျက်မှောက်ခေတ် independentရုပ်ရှင်တွေရဲ့ ဖခင်တွေ ဖြစ်သလို သူတို့ရုပ်ရှင်တွေကို
ပထမဆုံးအကြိမ်ကြည့်၇ှုခြင်းဟာ ရုပ်ရှင်ကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းလဲ ဖြစ်ပါတယ်။

 

maxresdefault

Jean-Luc Godard/ Pierrot Le Fou

f-2010-10-ct

Jean-Luc Godard/ Breathless

တော်လှန်ဆန်းသစ်တဲ့ ရုပ်ရှင်ရိုက်ကူးနည်းသစ်

သူတို့ရဲ့ ရုပ်ရှင်ချဉ်းကပ်ပုံ နည်းသစ်ကို ယေဘုယျခြုံနားလည်ဖို့ အတွက် သူတို့ထဲက အများစုဟာ ရုပ်ရှင်ရိုက်ကူးသူတွေ မဖြစ်ခင်တုန်းက
cinephilesလို့ ခေါ်တဲ့ ရုပ်ရှင်ဝါသနာအိုးတွေ ဖြစ်ခဲ့တယ်ဆိုတာကို သိဖို့လိုအပ်ပါတယ်။စစ်ပြီးခေတ် ပြင်သစ်နိုင်ငံမှာ ရုပ်ရှင်ဟာ အရေးပါတဲ့
အခန်းကဏ္ဍအနေနဲ့ ရှိခဲ့ပါတယ်။New Wave ဒါရိုက်တာအများစုဟာ သူတို့ရဲ့ ကနဦးကာလတွေကို ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ရေးသားခြင်း၊
လေ့လာတွေးခေါ်ခြင်းနဲ့ပဲ ကုန်ဆုံးခဲ့ပါတယ်။

တချို့ဟာ ရုပ်ရှင်ဝေဖန်ရေးဆရာတွေဖြစ်ပြီး တချို့ကတော့ သာမန်ရုပ်ရှင်ဝါသနာအိုးတွေသာ ဖြစ်ပါတယ်။
သူတို့ဟာ သူတို့ရဲ့ ရုပ်ရှင်ရသဆိုင်ရာ အမြင်တွေ၊အရည်အသွေးတွေကို ပါရီက မျိုးစုံသော ရုပ်ရှင်ရုံတွေ၊ရုပ်ရှင်ကလပ်တွေမှာပဲ ထက်မြက်အောင်
သွေးခဲ့တာပါ။သူတို့ကို လွှမ်းမိုးခဲ့တာတွေဟာ Roberto Rosseliniလို Neo-Realism ဒါရိုက်တာတွေပါသလို အမေရိကားက Film-Noirတွေ၊
ဒုတိယတန်းစား ရုပ်ရှင်တွေလဲ ပါခဲ့ပါတယ်။

2678957_f520

Francois Truffaut/ 400 Blows

tumblr_inline_mr50dmzXnQ1qz4rgp.jpg

Agnes Varda/ Cleo from 5 to 7

ရှေးအသံတိတ် ရုပ်ရှင်တွေပါသလို ခေတ်ပေါ်ဂီတသံစုံ ရုပ်ရှင်တွေလည်း ပါခဲ့ပါတယ်။ထိုသို့ သူတို့ရဲ့
ရုပ်ရှင်အပေါ် စွဲလမ်းမှုတွေကနေ Auteur Theoryဆိုတာ ဖြစ်ပေါ်ခဲ့တာပါ။Auteur Theoryဆိုတာ စာပေမှာ စာရေးသူဟာ အဓိကဖန်တီးသူဖြစ်သလို
ရုပ်ရှင်မှာလဲ ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာကသာ အဓိကဖန်တီးသူ(ကိုယ်ပိုင်ထူးခြားတဲ့ အနုပညာဖန်တီးမှု) ဖြစ်ရမယ်ဆိုတဲ့ အမြင်ပါ။(Alexandre
Astrucရဲ့ THE BIRTH OF A NEW AVANT-GARDE:LA CAMERA-STYLO (“camera-pen”)ဆိုတဲ့ ဆောင်းပါးရဲ့ လွှမ်းမိုးမှုလဲ ပါပါတယ်)

သူတို့ဟာ အဲဒီကာလတုန်းက စတူဒီယိုဆက်တင်များနှင့် ရုပ်ရှင်များစွာကို သဘောကျနှစ်ခြိုက်သော်လည်း အဲဒီခေတ်ကာလ ရုပ်ရှင်အများစု
(အဓိကအားဖြင့် ပြင်သစ်ရုပ်ရှင်အများစု)ဟာ လူတွေရဲ့ အတွေးတွေ၊စိတ်ခံစားမှုတွေနဲ့ ဘ၀ကို အစစ်အမှန် မဖော်ပြနိုင်ဘူးလို့ ယူဆကြပါတယ်။
အဲဒီခေတ်ရဲ့ နာမည်ကျော်ရုပ်ရှင်အများစုဟာ ပျင်းရိဖွယ် ဟောင်းနွမ်း၍ ဆွဲဆောင်မှုမဲ့ပြီး စစ်ပြီးခေတ်ပြင်သစ်လူငယ်တွေရဲ့ နေ့စဉ်ဘ၀တွေနဲ့ နီးစပ်မှု
မရှိဘူးဆိုပြီး ငြင်းခုံပါတယ်။
Nouvelle Vagueဟာ စနစ်တကျဖွဲ့စည်းထားတဲ့ လှုပ်ရှားမှုမျိုး မဟုတ်ခဲ့ပါဘူး။သူတို့ဟာ အဲဒီကာလတုန်းက ရုပ်ရှင်လောကကိုလွှမ်းမိုးထားတဲ့
စတူဒီယိုဆက်တင်တွေနဲ့ ဇာတ်ညွှန်းကို အဓိကထားတဲ့ “cinéma de qualité” (“cinema of quality”)ပုံစံတွေကို ငြင်းပယ်ခြင်းနဲ့သာ
ဆက်စပ်နေကြပါတယ်။

ထို့ပြင် အနုပညာဖန်တီးမှုတွေကို ထုတ်ဖော်ပြဖို့ထက် လူကြိုက်များဆွဲဆောင်မှုရှိအောင် လုပ်ဆောင်နေရခြင်းကြောင့် အဲဒီ
ရုပ်ရှင်တွေဟာ ယေဘုယျအားဖြင့် ပရိုဂျုဆာတွေရဲ့ စီးပွားရေးဆန်ဆန်တွက်ချက်မှုတွေ၊ဇာတ်ညွှန်းရေးဆရာတွေရဲ့ လွှမ်းမိုးမှု ခံခဲ့ရပြီး
ဒါရိုက်တာတွေအနေနဲ့ ဖန်တီးမှု အခွင့်အာဏာတွေ၊လုပ်ပိုင်ခွင့်တွေနည်းပါးပါတယ်။New Waveဒါရိုက်တာအများစုဟာ Cahiers du Cinemaဆိုတဲ့
ရုပ်ရှင်ဆိုင်ရာဂျာနယ်တစောင်မှာ ရုပ်ရှင်တွေကို အကဲဖြတ်ဆန်းစစ်ရင်း ဝေဖန်ရေးဆရာတွေအနေနဲ့ စတင်ခဲ့တာပါ။ရုပ်ရှင်အနုပညာကို
ဝေဖန်သုံးသပ်ရင်း ဘယ်လိုထူးခြားကောင်းမွန်အောင် ဖန်တီးရမယ်ဆိုတာကိုပါ စဉ်းစားတွေးခေါ်လာကြပါတယ်။ပိုအရေးပါတဲ့ အချက်ကတော့
ရုပ်ရှင်တွေကိုပါ တဖြည်းဖြည်းရိုက်ကူးလာကြတာပါ။တယောက်နဲ့တယောက် အနည်းငယ်ကွဲပြားတဲ့ ပုံစံတွေရှိပေမယ့် “အနာဂတ်ရဲ့ ရုပ်ရှင်တွေကို
ကင်မရာရဲ့ အခိုင်းအစေတွေက ဖန်တီးမှာမဟုတ်တော့ဘူး၊ရုပ်ရှင်ရိုက်ကူးခြင်းကို ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းတခုလို့ထင်မြင်ယူဆထားတဲ့
အနုပညာရှင်တွေကသာ ဖန်တီးမှာ။”လို့ Truffautပြောခဲ့တဲ့စကားဟာ အဖွဲ့ရဲ့ သဘောထားကို ခြုံငုံမိစေပါတယ်။

cahiers.jpg

Cahiers Du Cinema

ယေဘုယျအားဖြင့် New Waveဒါရိုက်တာတွေဟာ အစောပိုင်းမီဒီယာတွေဖြစ်တဲ့ ပြဇာတ်တို့ စာပေတို့ကဆင်းသက်လာတဲ့ narrativeပုံစံနဲ့
တည်ဆောက်ပုံတွေပေါ်မှာ အခြေခံထားတဲ့ “Old Hollywood”ရဲ့ သမရိုးကျဆန်တဲ့ အိုင်ဒီယာတွေကို ငြင်းပယ်ခဲ့ပါတယ်။သူတို့က
ပုံသေချထားတဲ့ဇာတ်ကြောင်းတွေကနေတဆင့်ကြည့်ရှုသူတွေရဲ့ ခံစားချက်တွေကို တစ်ခုပြီး တစ်ခုညွှန်ကြားရင်း ပြကွက်တိုင်းဆီကို
လက်ဆွဲခေါ်ပြသွားသလိုမျိုး မလုပ်ချင်ကြဘူး။အဲလိုဇာတ်ကြောင်းပြောပုံမျိုးဟာ ကြည့်၇ှုသူရဲ့ ခံစားတုံ့ပြန်နိုင်စွမ်းကို အတားအဆီးဖြစ်စေတယ်လို့
ထင်ကြပါတယ်။New Waveဒါရိုက်တာတွေဟာ ရုပ်ရှင်ဆိုင်ရာ ရသခံစားမှုတွေကို ဆန်းသစ်စိတ်လှုပ်ရှားဖွယ်ကောင်းအောင်၊ကြည့်ရှုသူတွေကို
သူတို့ကြည့်နေတဲ့ ရုပ်ရှင်တွေပေါ်မှာတင် မဟုတ်ပဲ သူတို့ဘ၀တွေ၊အတွေးတွေ၊ခံစားချက်တွေပေါ်မှာပါ တွေးခေါ်လာအောင် လှုပ်နှိုးချင်ကြတာပါ။

ဒိုင်ယာလော့ခ်တွေဟာ လက်တွေ့ကျကျ သဘာဝဆန်ဆန် ဒါမှမဟုတ် ဒသနအမြင်တွေနဲ့ ဖွဲ့စည်းထားပါတယ်။အမှန်တရားကို ဖော်ပြခြင်းဟာ
အရေးပါဆုံးအချက်ဖြစ်ပါတယ်။သူတို့ ရည်ရွယ်ချက်က ဖျော်ဖြေဖို့တင် မဟုတ်ပဲ ရိုးသားစစ်မှန်စွာ ဆက်သွယ်ပေါင်းကူးဖို့ပဲ ဖြစ်ပါတယ်။
သူတို့ဇာတ်ညွှန်းတွေဟာ မကြာခဏဆိုသလို ပြောင်းလဲတော်လှန်နေရုံမျှမက မများပြားလှတဲ့ ရိုက်ကူးရေးစရိတ်တွေကြောင့်
နည်းပညာပိုင်းတွေပါ တီထွင်ဆန်းသစ်လာခဲ့ရပါတယ်။

ရလဒ်အနေနဲ့ Nouvelle Vagueရုပ်ရှင်တွေဟာ ထူးခြားဆန်းသစ်တဲ့ ရိုက်ကူးနည်းတွေ(ဥပမာ-
jump cutsတွေ၊rapid editingတွေ၊သဘာဝကျကျ အလင်းရောင်တွေ၊လက်တန်းဖန်တီးထားတဲ့(improvised) ဒိုင်ယာလော့ခ်တွေနဲ့
ဇာတ်ကွက်တွေ၊တိုက်ရိုက်အသံဖမ်းမှုတွေ(အဲဒီတုန်းက ရုပ်ရှင်ရိုက်ကူးပြီးမှအသံထပ်သွင်းတာခေတ်စားနေချိန်ပါ)၊ရိုက်ကွင်းနေရာရွေးချယ်မှုတွေ၊
long shotsတွေ)နဲ့ ကျော်ကြားလာပါတယ်။နောက်ပြီးသူတို့ ရုပ်ရှင်တွေဟာ အဲဒီခေတ်ကာလရဲ့ လူမှုရေး၊နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုတွေနဲ့လဲ
တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဆက်စပ်နေတာကို တွေ့ရပါတယ်။

cd44b3228e60a58d17e33b4c996add01

Jean-Luc Godard Title Style

young girls of rocehfort 3 color

Jacques Demy/ The Young Girls of Rochefort

New Wave International

ပြစ်သစ်New Wave လှုပ်ရှားမှုတွေသာ လူသိများထင်ရှားသော်လည်း ဒုတိယကမ္ဘာစစ်အပြီးမှာ ဖြစ်ပေါ်လာတဲ့ လူမှုရေးနဲ့
နိင်ငံရေးအပြောင်းအလဲတွေရဲ့ တွန်းအားကြောင့် အလားတူလှုပ်ရှားမှုများ အခြားနေရာများမှာလဲပေါ်ပေါက်လာခဲ့ပါတယ်။ဗြိတိန်မှာဆို French New
Waveနဲ့ အပြိုင်၁၉၅၀ကျော်ကာလများမှာ Free Cinema movementပေါ်ပေါက်ခဲ့ပါတယ်။အလုပ်သမားလူတန်းစားတွေရဲ့ ဘ၀ကို
အားမာန်အပြည့်၊သရော်ဟန်ကဲကဲနဲ့ ထူးခြားဆန်းသစ်စွာ ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်(Documentary)ဒါရိုက်တာတွေဖြစ်တဲ့ Lindsay Anderson၊
Tony Richardson နဲ့ Karel Reiszတို့ဟာ Free Cinema movementရဲ့ ဦးဆောင်သူတွေဖြစ်ပါတယ်။ထိုကိုယ်ပိုင်ဟန်တွေနဲ့ပဲ “Angry Young
Men”လို့ နာမည်ပေးထားတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေ၊ပြဇာတ်တွေကို ရုပ်ရှင်အဖြစ် ဆက်လက်မှီးငြမ်းရိုက်ကူးခဲ့ကြပါတယ်။
အဲဒီအချိန်ကာလအတွင်းမှာပဲ အခြားဥရောပနိုင်ငံတွေဖြစ်တဲ့ ကွန်မြူနစ်အုပ်ချုပ်ခံ ချက်နဲ့ပိုလန်နိုင်ငံမှ လူငယ်ဒါရိုက်တာများ(Milos Forman,
Vera Chytilova , Ivan Passer,Roman Polanski, Jerzy Skolimowski)များကို တီထွင်ဖန်တီးချင်စိတ်ပေါ်လာအောင် French and British New
Wavesများက လှုံ့ဆော်ပေးခဲ့ပါတယ်။သူတို့ဟာ စတူဒီယိုမဟုတ်တဲ့ ပြင်ပမူရင်းနေရာများမှာ(ရံဖန်ရံခါဆိုသလို သရုပ်ဆောင်မဟုတ်သူများနဲ့)
ရိုက်ကူးပြီး သူတို့လူ့အဖွဲ့အစည်းရဲ့ လူနေမှုဘ၀တွေကို ပေါ်လွင်အောင်ကြိုးပမ်းခဲ့ပါတယ်။အီတလီနိုင်ငံမှာလဲ Nouvelle Vagueရဲ့ တိုက်ရိုက်လွှမ်းမိုးခံရတဲ့ လူငယ်ဒါရိုက်တာတွေဖြစ်တဲ့ Bernardo Bertolucci နဲ့ Marco Bellocchioတို့ဟာ သူတို့ရဲ့ ပထမဆုံးရုပ်ရှင်တွေကို
စတင်ရိုက်ကူးနေခဲ့ပါတယ်။ထို့အတူ New German Cinemaလို့ နာမည်ကျော်ကြားလာမဲ့ Nouvelle Vagueရဲ့ လွှမ်းမိုးခံရတဲ့
မျိုးဆက်သစ်ဒါရိုက်တာတေ(ွRainer Werner Fassbinder, Wim Wenders နဲ့ Werner Herzog)ဟာ၁၉၆၀နှောင်းပိုင်းမှာပေါ်ထွက်လာပါတယ်။
တော်လှန်ဆန်းသစ်တဲ့ ရုပ်ရှင်လှုပ်ရှားမှုတွေဟာ ဂျပန်နဲ့ ဘရာဇီးနိုင်ငံတွေမှာလဲ ပေါ်ပေါက်လာခဲ့ပါတယ်။ Nagisa Oshima နဲ့ Glauber
Rochaစတဲ့ ဒါရိုက်တာတွေဟာ လူမှုအစဉ်အလာတွေကို ဝေဖန်သုံးသပ်မေးခွန်းထုတ်တဲ့ ရုပ်ရှင်တွေ ရိုက်ကူးခဲ့ပါတယ်။အမှန်စင်စစ်မှာတော့
ကမ္ဘာတလွှမ်းက လူငယ်ဒါရိုက်တာတွေဟာ Nouvelle Vagueတွေရဲ့ ရှေ့ဆောင်လမ်းပြမှုကြောင့် hand-heldကင်မရာတွေ၊အယူအဆအသစ်တွေနဲ့
ကိုယ်ပိုင်ရုပ်ရှင်တွေ ရိုက်ကူးခဲ့ကြပါတယ်။တဦးချင်းစီမှာ မတူကွဲပြားတဲ့ အယူအဆတွေရှိပေမယ့် သူတို့နိုင်ငံရဲ့ ရုပ်ရှင်လောကကို
ပြောင်းလဲတိုးတက်ဖို့အတွက် အစဉ်အလာကို ချိုးဖောက်ရမယ်ဆိုတဲ့ ယူဆချက်တော့တူညီကြပါတယ်။
စီးပွားရေးဆန်တဲ့ ရုပ်ရှင်လောကရဲ့ ဗဟိုချက်ဖြစ်တဲ့ အမေရိကန်မှာတောင် သရုပ်ဆောင်တဖြစ်လဲ ဒါရိုက်တာဖြစ်တဲ့John Cassavetesက Shadows
(1959) နဲ့ Faces (1968)ဆိုတဲ့ ရုပ်ရှင်တွေနဲ့အမေရိကန် independent cinema ကို ဦးဆောင်လမ်းပြခဲ့ပါတယ်။ထိုရုပ်ရှင်တွေဟာ French New
Waveတွေရဲ့ လက်ရာတွေနဲ့ ဆင်တူတဲ့ လက္ခဏာတွေ၇ှိပါတယ်။အခြားအလားတူ လှုပ်၇ှားမှုကတော့ Richard Leacock၊ D.A. Pennebaker နဲ့
Maysles ညီအကိုတွေဦးဆောင်တဲ့ Direct Cinema လှုပ်၇ှားမှုပဲဖြစ်ပါတယ်။
Nouvelle Vague ဟာ Hollywoodမျိုးဆက်သစ် ဒါရိုက်တာတွေဖြစ်တဲ့ Arthur Penn၊ Francis Ford Coppola၊ Robert Altman နဲ့Martin
Scorseseတို့အပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှု၇ှိပါတယ်။အဲဒီ လွှမ်းမိုးမှုဟာ မျက်မှောက်ခေတ် ဒါရိုက်တာတွေဖြစ်တဲ့ Steven Soderbergh၊Quentin
Tarantinoနဲ့Wes Andersonတို့ အထိပါပဲ။Scorseseပြောခဲ့သလိုပါပဲ French New Waveဟာ ရုပ်ရှင်လောကတခုလုံးကို နစ်မြုပ်သွားစေတဲ့
လှိုင်းကြီးဖြစ်တာကြောင့် အဲဒီကာလမှစ ပေါ်ပေါက်ခဲ့တဲ့ ရုပ်ရှင်ဖန်တီးသူတိုင်းကို( New Wave ရုပ်ရှင်များကို ကြည့်ဖူးသည်ဖြစ်စေ၊
မကြည့်ဖူးသည်ဖြစ်စေ)လွှမ်းမိုးနေမှာပဲဖြစ်ပါတယ်။

 

624a17fb5ee33fc919ad0eba33115e97.jpg

343782.jpg

Vera Chytilova/ Daisies

In case you wanna read it in English: http://www.newwavefilm.com/new-wave-cinema-guide/nouvelle-vague-where-to-start.shtml

 

Kyaw Zayar Lwin.

 

 

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s